About MCC.i VC

(၂၀၀၉) ခုနှစ်၊ ဇွန်လတွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံနည်းပညာမြို့သစ်တွင် ဖွင့်လှစ်တည်ထောင် ခဲ့သော MCC Training Institue (Yatanarpon) မှ (၂၀၁၂)ခုနှစ် အစီအစဉ်အသစ် အဖြစ် စတင်ထူထောင်ခြင်း ဖြစ်ပါသည်။MCC.i Virtual Campus မှ ပထမဦးစွာ အင်္ဂလန်နိုင်ငံရှိ University of Greenwich မှ ပေးအပ်ချီးမြင့်မည့် B.Sc(Hons) Business IT အား On Line မှ သင်ကြား ပို့ချပေးမည် ဖြစ်ပါသည်။
သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများတွင် နိုင်ငံတကာ အသိအမှတ်ပြု ကွန်ပျူတာ ဒီပလိုမာ သင်တန်းများ ကိုယ်တိုင် တက်ရောက်ရန် အခက်အခဲရှိသော လူငယ်များ အိုးမကွာ၊ အိမ်မကွာ၊ မိမိနေထိုင်ရာမြို့နယ် မှ အခြားသင်တန်းများ၊ အလုပ်များမပျက်ပဲ Internet ပေါ်မှ အလွယ်တကူ သင်ယူနိုင်ရန် ရည်ရွယ်ပါသည်။

MCC.i Virtual Campus တွင် ပထမဦးဆုံး သင်ကြားမည့် B.Sc(Hons) Business IT အတွက် သင်ကြားရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို ထားရှိ ပေးမည်ဖြစ်ပြီး Register ပြုလုပ်ပြီးသော ကျောင်းသား ကျောင်းသူ များအနေဖြင့် မိမိနီးစပ်ရာ Internet ရှိသော နေရာတစ်ခုခုမှ မိမိအတွက် သီးသန့်ခွင့်ပြုထားသော Account တစ်ခုဖြင့် အချိန်မရွေး နေရာမရွေး ချိတ်ဆက် သင်ကြား နိုင်မည်ဖြစ်ပါသည်။
     MCC.i Virtual Campus တွင်ပထမဦးဆုံး သင်ကြားပို့ချမည့် B.Sc(Hons) Business IT အတွက် သင်တန်းကာလမှာ (၃)နှစ်ဖြစ်ပါသည်။ သင်တန်း တက်ရောက်နိုင်သည့်အချိန်များမှာ နှစ်စဉ် ဒီဇင်ဘာလ၊ မတ်လ၊ ဇွန်လနှင့်စက်တင်ဘာလများ တွင်စာရင်းပေးသွင်း တက်ရောက် နိုင်မည်ဖြစ်ပါသည်။
သင်တန်းတွင် Semester (2)ခု ပါဝင်မည်ဖြစ်ပြီး Semester တစ်ခုစီတွင် ဘာသာရပ်(၄) ခုစီပါဝင်မည် ဖြစ်ပါသည်။
     သက်ဆိုင်ရာ ဘာသာရပ်အလိုက် စာမေးပွဲများကို သတ်မှတ်ထားသော အချိန်များအတိုင်း အနီးစပ်ဆုံး စာစစ်ဌာနများတွင် လူကိုယ်တိုင် လာရောက် ဖြေဆိုရမည် ဖြစ်ပါသည်။